
Su Hla Phyu
Myanmar Best Selling Author

ဆရာမစုလှဖြူ၏၀တ္ထုစာအုပ်များ

ရာသီကြွေသရွေ့
"ညီမလေးနဒီလှိုင်းအစား သူနဲ့ရုပ်ချင်းတူတဲ့ ညီမလေးတစ်ယောက်ကို ဒီကနေ့ကောက်ရခဲ့တယ်။ မလိခမြစ်ထဲက ဆယ်လာခဲ့တဲ့မိန်းကလေးမို့ နဒီလှိုင်းနဲ့နာမည်တူတဲ့ နဒီလို့ပဲခေါ်ခဲ့မိပြီလေ..."
"ကိုကိုကြီးပေးတဲ့လက်ဝတ်ရတနာတွေက အစိမ်းရောင်တွေဆိုတော့ နဒီ့ကို စိမ်းကားတော့မယ်ဆိုတဲ့အဓိပ္ပါယ်လား ကိုကိုကြီးရယ်..."
(ကိုကိုကြီးနဲ့နဒီတို့ရဲ့ကြည်နူးလွမ်းမောဖွယ်ရာ အချစ်ဇာတ်လမ်း)

မိုးစက်ကလေးတွေရှာဖွေကာ ပြောပေးပါလားကွယ်
"ချစ်နဲ့မောင်လက်ထပ်ခဲ့တာ နှစ်လပြည့်ခဲ့ပြီ မဟုတ်လား၊ ချစ်ကိုမောင် အလိုလိုက်ထားခဲ့ရ တယ်၊ ချစ်က မောင့်ကိုချစ်ပါတယ်လို့ပြောမယ့်အချိန်ကို စောင့်စားရင်း အချိန်တွေအလ ဟဿဖြစ်သွားခဲ့ပြီ၊ ခုမောင်ပြန်သွားရတော့မယ်၊ ခွဲခွာသွားတဲ့အချိန်မှာ စိတ်ချမ်းသာစရာ တစ်ခုမှပါသွားမှာမဟုတ်ဘူး"
"ချစ်ကပြောဆိုတော့ မောင်ပြောရတော့မှာပေါ့၊ ချစ်ကိုမောင် အားရပါးရမချစ်ရသေးဘူးကွ နားလည်လား၊ ဘာဖြစ်လို့လဲဆိုတော့ မင်းကမှမောင့်ကိုချစ်တယ်လို့ မပြောခဲ့ပဲ"

မောင်ညာတယ် ဒါပေမယ့်...
"မောင်"
"မောင် ဟုတ်လား၊ တစ်ခါတုန်းက ကိုယ်သိပ်ကြားချင်ခဲ့တဲ့ ဝေါဟာရလေးပဲ၊ ကိုယ်ခုကြားရတဲ့အတွက် သေပျော်ပြီလေ..."
"မောင်မသေရဘူး၊ မုန်းပြန်လာပြီပဲ မောင်ရယ်"
"ဒါပေမဲ့ မောင်ဝမ်းမသာတော့ဘူး"
"ဘာဖြစ်လို့လဲ မောင်"
"မင်းနဲ့ပတ်သက်ပြီးခံစားခဲ့ရတာတွေ ရင်နဲ့မမျှတော့တာမို့ မခံစားနိုင်တော့ ဘူး"
"မုန်းကိုသိပ်လွမ်းနေသလား မောင်"
"မလွမ်းဘူး"
"မယုံဘူး မောင်၊ မယုံဘူး၊ မောင်ညာတယ် ဒါပေမဲ့၊ မောင့်ကိုမုန်းနားလည် ပါတယ် မောင်ရယ်"
" ချယ်ရီပင်ကြီးမှာ ဓားနဲ့အမှတ်အသားတွေလုပ်ထားခဲ့တယ် မဟုတ်လား မောင်၊ မုန်းထွက်ခွာ သွားခဲ့တာ တစ်နှစ်ပြည့်တဲ့နေ့တိုင်း မောင်အမှတ် အသားတစ်ခုလုပ်ထားခဲ့ တယ်ဆိုတာ မုန်းနားလည်ပါတယ်"

အိပ်မက်တွေထဲမှာလည်း နှိပ်စက်နေဆဲပါမောင်
"မင်းမှာ မောင့်ကိုပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးတွေအများကြီးရှိခဲ့ပါလျက်နဲ့ တမင်လက်လွှတ်ဆုံးရှုံးခံခဲ့တယ်မဟုတ်လား၊ ခုမှတော့ ချစ်ဆုံးရဲ့ဆုံးဖြတ်ပြီး သားကိစ္စ၊ လက်ထပ်ပြီးခဲ့တဲ့ကိစ္စကို ဘယ်လိုမှပြုပြင်ပြောင်းလဲလို့မရတော့ ဘူး၊ အရာရာဟာ ပြုပြင်ပြောင်းလဲလို့မရအောင် ပြီးဆုံးခဲ့ပြီ"